ငိုနေတဲ့ကလေးတွေကို ဘယ်လိုလုပ်ရမလဲ
***ငိုနေတဲ့ ကလေးတွေကို ဘာလုပ်လိုက်ရမလဲ***
ဘတ်စ်ကားပေါ်ကနေ တွေ့လိုက်တယ်
လက်ပွေ့ဂျာနယ်သမားရဲ့ ညီလေး ငိုနေတယ်။သူ့နာမည်က သိန်းသန်းထွန်းတဲ့။
ရယ်စရာပဲ နာမည်က အရင်က ကားဂိတ်မှာ ရာသီပေါ် အသီးတွေရောင်းတဲ့
သိန်းသန်းထွန်း အခု စာနဲ့ပေနဲ့နီး ဂျာနယ်ရောင်းသမားကြီးပေါ့။ သူ့ညီလေး
ငိုနေတယ်။ ဂျာနယ်ထဲမှာ ငိုနေတဲ့ ကလေးကို ဘယ်လိုလုပ်လိုက်ပါ မပါဘူး။ပါလည်း
သူမဖတ်တတ်ဘူး။
နောက်။ပိစိဆိုတဲ့ ကလေး ၁၁ နှစ်။ ကျောင်းစာတွေ
မကျက်ရဘဲ။ချိုစိမ့် တစ်ခွက် ရူပီတစ်ပွဲ ရေနွေးအိုးထည့်ရမယ်။ ဂျာနယ်က
အလည်းဗန်းဆိုလား နောက် ကီးမားတစ်ပွဲ မှာလိုက်တာတွေ တတွတ်တွတ်ကျက်နေတယ်။
ပိစိဟာ သင်္ချာ မသင်ဖူးဘူး။ လက်ဖက်ရည်ဘယ်နှခွက် ဘယ်လောက်ကတော့ အပျော့ပဲ။၁၁
နှစ်သား ပိစိကို ၅ နှစ်ကလေးနဲ့
နှပ်တွဲလောင်း၃နှစ်ကလေးလေးနှစ်ယောက်။ထမင်းချိုင့်လာပို့တော့
ဆိုင်ရှင်အဘွားကြီး မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။ပိစိရဲ့ ညီလေးနဲ့ ညီမလေး
ငိုတာပေါ့။ ပိစိ ဘာလုပ်ရမယ် မသိဘူး။နောက်ဆိုင်ထဲက
မြင်လိုက်တယ်။အရှေ့ဘက်ကို မျက်နှာမူနေတဲ့ ဆိုင်ထဲက နေလုံးကြီးနဲ့
မျက်နှာချင်းဆိုင်မြင်လိုက်တယ်။ ၁၃ နှစ်သား ကလေးစပယ်ယာ ချမ်းသာ။
နာမည်တွေရယ်စရာကောင်းနေတာ မပြောပါနဲ့တော့။ သူ့အဖေ အစား စပယ်ယာ လိုက်နေတယ်။
မှတ်တိုင် နာမည်တွေကလည်း ရှုပ့်ပါ့ဗျာ ဟဲ ဟဲ တဲ့ ကွမ်းစားးတတ်နေပြီ။ သူ့ အဖေ
သိပ်မခံတော့ဘူး။ ချမ်းသာ လမ်းပေါ်မှာ ကြာတော့မယ်။ သူ့အမေက ကလေးလေး
တစ်ယောက်လို ငိုနေတာမြင်တော့ ကလေးလေးတစ်ယောက်ဖြစ်တဲ့ ချမ်းသာ
မငိုတတ်တော့ပါဘူး။ သူ့အမေ မငိုတော့အောင် ဘာလုပ်ရမယ် ချမ်းသာ မသိဘူး။
ပန်းရံ ကလေးရယ်။ သုံးဘီးတွဲနင်းတဲ့ ကလေးရယ်။ သမီးဖေကြီး
ခြေထောက်မသန်လို့ပါ ပြောတဲ့ သူတောင်းစား ကလေးရယ်။ ဈေးဗန်းကြီးရွက်ထားတဲ့
မိန်းမကြီး ထဘီဆွဲ လိုက်လာတဲ့ ကလေးရယ် နောက်ထပ် အနုတ်စုတ် ဂုတ်စုတ် ကလေးတွေ
အားလုံးဟာ ငိုနေကြတာပဲ။ ကျနော်လည်း ဘာလုပ်ရမယ် မသိဘူး
လင်းခါး
No comments:
Post a Comment