***စကြာဝတေးမင်း၏ အပါးတော်မြဲ လင်းခါး***
အနာဂတ်ကို ဘယ်သူမှ မသိ။ စကြာဝဠာကို ဘယ်သူမှ မသိသေး။ ကမ္ဘာကြီးကို
သိတော့မယ်။ ဘယ်တော့မှ ကြီးမလာတဲ့ ကလေးတွေ။ ဘယ်တော့မှ အိုမသွားတဲ့ သစ္စာ။
ညာလက်သီးများ။ အထိုးအကြိတ်ခန်းများနှင့် ရုန်းကန်နေတဲ့ ကမ္ဘာ့မြစ်အသွယ်သွယ်။
တံထွေး သလိပ်။ မြင်းကုန်းနှီးနှင့် လနတ်သမီး။ ထမင်းစားလို့ မကောင်းတာက အစ။
တက်ရင်း အသက်ပါသွားတဲ့ နွေနေ့လယ် အဆုံး လူသတ္တဝါလောက် လူမဆန်တာ မရှိ။
လူသတ္တဝါလောက် လူသားဆန်မှုကို
ကျေနပ်နှစ်ခြိုက်ကြတာလည်း မရှိ။ အာလူးသီး မရှိ ။ လပ်တော့ ကွန်ပျူတာမရှိ ။
နွားနို့ နွားကရတာဆိုတာလည်း မရှိ။ အိပ်မက်မက်နေတယ် ဆိုရင်တောင် ဒီလောက်
အဖြစ်မဆိုးသင့် ။ကမ္ဘာ့စစ်ကြီးက နှစ်ကြိမ်။ အခု ကျွန်းတစ်ကျွန်းအတွက်
တတိယအကြိမ်။ လာမှာလား။ လမ်းထိပ်ကစောင့်နေမယ်။ ကိုယ့်ကိုချစ်ရင်
နှင်းဆီပန်းလေး ပန်ခဲ့ပါ။ ဘယ်တော့မှ မပြီးပါ။ စာလုံးတွေရဲ့ နောက်မှာ။
အက္ခရာများဟာ သွေး။ အချစ်ဆိုတာ နျူကလီးယား ကျပြီးရင်
တို့တွေ့ကြမယ် ချာနိုဘိုင်း။ မင်းကလှပါတယ်။ ညာဘက်ခေါင်းက ကျည်ပေါက်ကြီး မပါရင်ပေါ့။ ။
လင်းခါး
No comments:
Post a Comment