ကဗျာနှင့်ပတ်သက်လို့
ကဗျာဆရာ
ကဗျာကို ပိုင်တယ်ဆိုတာ။ ဒရိုင်ဘာ ကားကို ပိုင်တယ်လို့ ပြောသလိုပဲ။ သူက
ကားပဲ မောင်းရတာ။ ဒီကားကို ညာဘက် ချိုးကွေ့မှာလား ဘယ်ဘက်ချိုးကွေ့မှာ
နောက်လှည့်မှာလား ရပ်ပစ်မှာလား ဒရိုင်ဘာလုပ်လို့ရတယ်။ အဲဒါကလည်း ကားရဲ့
ကျန်းမာရေးကောင်းနေတဲ့ အချိန်ပေါ့။ ဘရိတ်မပေါက်ရဘူး။ အင်ဂျင်ကျနေရင်
နင်းသလောက် မသွားဘူး ဆိုတာတွေ ရှိသေးတယ်။ ကဗျာကို လူ့အဖွဲ့အစည်းက ပိုင်တယ်။
အဓိက အချက်ကတော့ ကဗျာဆရာတွေဟာ ဘုန်းတော်ဘွဲ့တွေရေးသားနေတာ မဟုတ်လို့ပါပဲ။
ဘုန်းတော်ဘွဲ့ဆိုရင်တော့ ကြိုက်တဲ့ခေတ် ကြိုက်တဲ့ဟန် ကြိုက်သလိုရေး
အရေးခံရတဲ့ ပဒေသရာဇ် ကြိုက်ဖို့ နားလည်ဖို့ ပဲ လိုတယ်။ ပြည်သူနဲ့ မဆိုင်။
ဒါပေမယ့် ပြည်သူက တော်လှန်နေရတယ်၊ ပြည်သူက ထမင်းငတ်နေရတယ်။ ပြည်သူက
မျက်ရည်တွေနဲ့။
ကဗျာဆရာတွေဟာ ဘုရားသားတော်လည်း မဟုတ်ဘူး။
လူတန်းစားတစ်ရပ်လည်း မဟုတ်ဘူး။
အထူးအဆန်းကောင်တွေလည်း မဟုတ်ဘူး။
သတ်သတ်လွတ်သမားလည်း မဟုတ်ဘူး။
ကဗျာဆရာဆိုတာ ပြည်သူကြားကလာတဲ့ ပြည်သူ့သားပါပဲ။
မယောင်ရာဆီလူး၊ လသာတုန်း ခွေးမောင်း၊ စစ်ရောက်တုန်း
အိပ်ပျော်နေတာဆိုရင်တော့ ကဗျာဆရာမှမဟုတ် ဘယ်လို လူ့အဖွဲ့အစည်းက
ဘယ်လိုလူကိုမဆို ခေတ်က ဒဏ်ခတ်တယ်။
လင်းခါး - အမြင်ဖြစ်သည်။
No comments:
Post a Comment